စတုတ္တမြောက် စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား
ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ တည်ဆောက်လှူဒါန်းခဲ့သော စတုတ္ထမြောက် စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့က ကျောက်ဆည်မြို့နယ်ရှိ ကုလားကျောင်း အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်း ပီတိဖြာစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။
ပညာရေး အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်၊ လုံခြုံစိတ်ချရသော ပညာသင်ကြားရေး ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့သည့် ဤကျောင်းဆောင်သစ်ကြီးသည် ဒေသခံကလေးငယ်များ၏ အနာဂတ် အိပ်မက်များအတွက် အားအင်သစ်များ ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ဤမင်္ဂလာရှိသောပွဲကြီးကို တက်ရောက်ဂုဏ်ပြုပေးကြသောနိုင်ငံတော် အစိုးရအဖွဲ့ဝင်များ နှင့် ဧည့်သည်တော်များအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။
ထို့အပြင်၊ ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းနှင့်အတူ လက်တွဲညီညီ ပညာရေးမြှင့်တင်ရန် စေတနာထက်သန်စွာ ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြသည့် ကျွန်ုပ်တို့၏ မိတ်ဖက် Company များဖြစ်သော Myanmar Than Taw Myat Company , Pye Heinn Kaung Company , Wei Li Hlaine Company , Pandora Company ,Yupar Mandalar Resort Company နှင့် ဘိလပ်မြေအရောင်းကိုယ်စားလှယ်ကြီးကိုလည်း အထူးပင် မှတ်တမ်းတင် ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ အလှူရှင်ကြီးများ၏ ပံ့ပိုးကူညီမှုများကြောင့်သာ ကလေးငယ်များ၏ လှပသောအနာဂတ်ကို တည်ဆောက်နိုင်ခြင်းဖြစ်ပါသည်။
ပညာရေးတိုးတက်မြင့်မားရေးအတွက် လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြသည့် အလှူရှင်များနှင့် မိတ်ဆွေများ၏ ကူညီပံ့ပိုးမှုများသည် ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းအတွက် ကြီးမားသော ခွန်အားဖြစ်ပါကြောင်း ပြောကြားရင်း နောင်လာမည့် ပညာရေးစီမံကိန်းများတွင်လည်း ဆက်လက်ပူးပေါင်းပါဝင် ကူညီပေးကြပါရန် နွေးထွေးစွာ ဖိတ်ခေါ်နှိုးဆော်အပ်ပါသည်ရှင်။
အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်!































