ဒုတိယ စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား
ကြံ့နှစ်ကောင် ဖောင်ဒေးရှင်း၏ ငလျင်ဒဏ်သင့် အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ထူထောင်ရေးအစီအစဉ်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သော သာစည်မြို့နယ်၊ အင်းကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား
ကို (27.8.2025) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်ခင်ဗျာ
အင်းကုန်းကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို တတ်ရောက်ချီးမြှင့်ပေးပါသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှုးနှင့် ဆရာဆရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖများ၊ ကြံ့နှစ်ကောင် ဖောင်ဒေးရှင်း၏ တာဝန်ရှိလူကြီးမင်းများနှင့်တစ်ကွ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့်အတူ အဘက်ဘက်မှ ပါဝင်ကူညီလှူဒါန်းပေးကြသော စေတနာရှင် ကုသိုလ်ရှင်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ





















