တက္ကသိုလ်ကျောင်းများသို့ ကျပ်သိန်း(၅,၀၀၀)ဖိုး သင့်ထောက်ကူ ပစ္စည်းများလှူဒါန်းခြင်း
- အသိပညာ ဗဟုသုတ ကြွယ်ဝပြီး အတတ်ပညာ ကောင်းမွန်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးရာတွင် အထောက်အပံ့ကောင်း ဖြစ်စေနိုင်ရန်
- ပညာသင်ကြားရေးစနစ် ပိုမိုတိုးတက်ခေတ်မီစေဖို့ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ထိရောက်စွာ အထောက်အကူ ဖြစ်စေနိုင်မည့် နည်းပညာမြင့် သင်ထောက်ကူပစ္စည်းများဖြင့် အကျိုးပြု ပံ့ပိုးပေးနိုင်စေရန်
- လုပ်ငန်းခွင်အတွင်း စတင်ဝင်ရောက်လာမည့် ပညာရည်ပြည့်ဝသည့် ဘွဲ့ရ လူငယ်မျိုးဆက်သစ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လှူဒါန်းခဲ့ပါသည် ။