Double Rhinos Cement

Visit

No.(E-1 to 10), 107th Street, Between 64th and 65th Street, ChanMyathazi Township, Mandalay.

ကွန်ကရစ်လောင်းနည်း

ကွန်ကရစ်လောင်းနည်း

၁။ ကွန်ကရစ်လုပ်ငန်းပမာဏ နည်းလျှင် ဖျော်စက်ကိုအသုံးပြု ပြီး များပါက ready mix concrete ကိုအသုံးပြု နိုင်ပါသည်။

၂။ ကွန်ကရစ်လောင်းရာတွင် slab bottom အထိသာ လောင်းရမည်ဖြစ်ပြီး ကျန်သည့်အပိုင်းကို slab, beam တို့နှင့် တဆက်တည်းလောင်းပေးရပါမည်။

၃။ Column concrete သိပ်သည်းမှု ရှိစေရန်အတွက် mechanical vibrator အသုံးပြု ရမည်ဖြစ်သော်လည်း excess vibration ကြောင့် concreteကို segregation ဖြစ်စေနိုင်သောကြောင့် တလွှာပြီး တလွှာ စနစ်တကျ လောင်းပေးရပါမည်။

၄။ လောင်းမည့် ကွန်ကရစ်၏ slump တန်ဖိုးသည် ၆ လက်မထက် မပိုစေရန်ဂရုစိုက်ရပါမည်။

၅။ ကွန်ကရစ်ကို ၅ ပေထက်မြင့်သော နေရာမှလောင်းခြင်းမပြုလုပ်ရပါ။

၆။ Column တွင် construction joint ကို ရှောင်ကျဥ်ရပါမည်။

၇။ Concrete cover သည် structural drawing သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်။

၈။ ကွန်ကရစ်လောင်းနေစဉ် ပတ်ဝန်းကျင်အပူချိန်သည် ၃၀ ဒီဂရီစင်တီဂရိတ်အောက် ရှိရမည်။အထက်ဖော်ပြပါ အချက်များကတော့ ကောင်းမွန်သော ကွန်ကရစ်တစ်ခု ရရှိရန်အတွက် ကွန်ကရစ်လောင်းရာတွင်ပြုလုပ်ရမည့် အချက်များဖြစ်ပါသည်။

#ကြံ့နှစ်ကောင်ဘိလပ်မြေ#Double_Rhino_Cement #Ideal_For_Building