Double Rhinos Cement

Visit

No.(E-1 to 10), 107th Street, Between 64th and 65th Street, ChanMyathazi Township, Mandalay.

မိုးရာသီမှာ ဘိလပ်မြေ အသုံးပြုပုံ

မိုးရာသီမှာ ဘိလပ်မြေ အသုံးပြုပုံ

မိုးရာသီ အစိုဓါတ်လွန်ကဲသော ကာလ ဖြစ်ပါသဖြင့် ပုံမှန် အအေးဓါတ်ရှိသော ဒေသများ သာမက ကျန်ဒေသများတွင်ပါ အပူချိန်လျော့ကျမူများဖြစ်ပေါ်နေပါသည်။အထူးသဖြင့် ကွန်ကရစ်ဖျော်စပ်ရာတွင် အသုံးပြုသော သဲများ၊ကျောက်များတွင် အစိုဓါတ်ပါဝင်မူများသလို ပြင်ပအပူချိန်မှာလည်း လေအေးများတိုက်ခိုက်လျက်ရှိပါသည်။ပုံဆင်ထားသော ပစ္စည်းများ၊သံချောင်းများမှာလည်း၊အပူချိန်ပမာဏ လျော့ကျနေပြီး ရောစပ်မည့်ရေမှာလည်း အအေးဓါတ်ရှိနေမည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ကွန်ကရစ်ဖျော်စပ်ရာတွင် အဓိကကျသော W/C (ရေ : ဘိလပ်မြေ)အချိုး ကိုသေချာချိန်ဆ၍ ဖျော်စပ်သင့်ပါသည်။ကွန်ကရစ် အပူချိန်10’ C (18’F) လျော့ကျတိုင်း အိပ်ချိန်(setting Time)၂-ဆပိုမိုကြာမြင့်နိုင်ပါသည်။ဘိလပ်မြေ± 8’C ပြောင်းလျှင် ကွန်ကရစ် အပူချိန်1’C ပြောင်းလဲပါသည်။ရေ ±4’C ပြောင်းလျှင် ကွန်ကရစ် အပူချိန် 1’C ပြောင်းလဲပါသည်။သဲ/ကျောက်± 2’C ပြောင်းလျှင်ကွန်ကရစ် အပူချိန်1’C ပြောင်းလဲပါသည်။ထို့ကြောင့် သဲ/ကျောက် အပူချိန် သည် ကွန်ကရစ် အပူချိန် ကိုများစွာ အကျိုးသက်ရောက်မူရှိကြောင်း သတိပြုသင့်ပါသည်။ယခုလို အစိုဓါတ်လွန်ကဲသော ရာသီတွင်ဖြစ်ပေါ်တတ်သော ကွန်ကရစ် အခြေအနေမှာ အိပ်ချိန်(setting Time)နှောင့်နှေးစေတတ်သောကြောင့် သတိပြုနိုင်ပါရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။

မှတ်ချက်။ ။ ရောစပ်မူကို အလေးချိန် ယူနစ်အရသုံးစွဲသင့်ပါသည်။

ကြံ့နှစ်ကောင် ဘိလပ်မြေအကောင်းဆုံးဘိလပ်မြေ