Double Rhinos Cement

Visit

No.(E-1 to 10), 107th Street, Between 64th and 65th Street, ChanMyathazi Township, Mandalay.

ကြံ့နှစ်ကောင် ဘိလပ်မြေ ၏                                  Drive Safety Campaigns 2017

ကြံ့နှစ်ကောင် ဘိလပ်မြေ ၏ Drive Safety Campaigns 2017

မန္တလေးမြို့၊ ၇၈ လမ်း x သိပ္ပံလမ်းထောင့်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေး campaign လေးကို ကြံ့နှစ်ကောင်ဘိလပ်မြေ မှ ဂုဏ်ယူစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။ မော်တော်ဆိုင်ကယ်စီးနင်းသူတိုင်း ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြဖို့ အဓိက ရည်ရွယ်ပါတယ် ခင်ဗျာ ။ ဇန်နဝါရီလ မှ ဧပြီလ အထိ ၂၀၁၇ ခုနှစ်ထဲမှာ ဖြစ်ပွားမှု ၇၈၀ ကျော်ရှိပြီး သေဆုံးသူ ၂၆၇ ဦး ဒဏ်ရာရရှိသူ ၁၂၈၇ ဦး ရှိနေပါတယ် ။ဒါကြောင့် Double Rhinos Cement fan များ နှင့် မိဘပြည်သူများအားလုံး မလိုလားအပ် ဘဲ အသက် အန္တာရယ် မထိခိုက်ရလေအောင် မော်တော်ဆိုင်ကယ်မောင်း သူတိုင်း ဆိုင်ကယ်စီး ဦးထုပ် ဆောင်း ပါ မေးတိုင်းကြိုးတတ်ပါ ယဉ်စည်းကမ်း လမ်းစည်းကမ်း နှင့် အညီ မောင်းနှင် ကြပါလို့ ကြံ့နှစ်ကောင် ဘိလပ်မြေမှ တိုက်တွန်းနိုးဆော်လိုက်ရပါတယ် ခင်ဗျာ ။
ဒီအစီအစဉ်လေးမှာ ပါဝင်ကူညီပေးတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ များအားလုံးကို ကျေးဇူး အထူး တင်ရှိပါတယ်။

မုံရွာမြို့ ကျောက္ကာလမ်းတွင်လဲ ဂုဏ်ယူစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ် ။
ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ခြင်းများ ကို ကြံ့နှစ်ကောင်ဘိလပ်မြေ မိသားစု နှင့်အတူ ယာဉ်ထိန်းရဲ တပ်ဖွဲ့များ၊ မြို့တော်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ ၊ မ.ထ.သ အဖွဲ့ ဝင်များနှင့် အခြားအဖွဲ့ဝင်များ ဂုဏ်ယူစွာဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ် ခင်ဗျာ ။
ယာဉ်ထိမ်းရဲ အရာရှိများကိုယ်တိုင် ကြီးကြပ်ကာ စည်ကမ်းလိုက်နာသော မော်တော်ယာဉ်မောင်းသူများကို ကြံ့နှစ်ကောင် ဘိလပ်မြေ T-shirt အင်္ကျီ များ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးအပ်ပြီး စည်းကမ်းမလိုက်နာသော ယာဉ်မောင်းများကို အသိပေး လက်ကမ်းစာစောင်များ ဝေမျှ ခဲ့ပါတယ် ။
အစီအစဉ်လေးဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြသော အရာရှိ လူကြီးမင်းများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ….. ။

ပျဉ်းမနားမြို့နှင့်လယ်ဝေးမြို့တို့တွင်လဲ ဂုဏ်ယူစွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါတယ် ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ခြင်းများကို ကြံ့နှစ်ကောင်ဘိလပ်မြေ မိသားစု နှင့်အတူ ယာဉ်ထိန်းရဲ တပ်ဖွဲ့များ နှင့် ပူပေါင်းဆောင်ရွက်ခဲ့ကြပါတယ် ခင်ဗျာ …….. ။

မကွေးမြို့ နှင့် ပခုက္ကူမြို့တို့တွင်လဲ ဂုဏ်ယူစွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါတယ် ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ခြင်းများကို ကြံ့နှစ်ကောင်ဘိလပ်မြေ မိသားစု နှင့်အတူ ယာဉ်ထိန်းရဲ တပ်ဖွဲ့များ နှင့် ပူပေါင်းဆောင်ရွက်ခဲ့ကြပါတယ် ခင်ဗျာ …….. ။

Add a Comment

Your email address will not be published.